ဘေးကင်းလုံခြုံစွာ
အားပြည့်တက်ကြွသော မူကြိုကျောင်းသားအနေဖြင့် စေဗီယာသည် နေ့လည်ခင်း ငြိမ်ငြိမ်နေရသောအချိန်ကို ရှောင်သည်။ မကြာခဏဆိုသလို မလိုချင်သော်လည်း အမှန်လိုအပ်သောငြိမ်ဝပ်ချိန်သည် နေ့ခင်းတစ်ရေးတစ်မောအိပ်ချိန် ဖြစ်သွားပါ တော့သည်။ ထိုင်ခုံပေါ်တွင် လူးလွန့်လိုက်၊ ဆိုဖာပေါ်မှ လျောဆင်းကစားလိုက်၊ ကြမ်းပြင်ပေါ်ပြေးလိုက်၊ အခန်းဟိုဘက်ထောင့်မှ ဒီဘက်ထောင့်သို့ လူးလိမ့်ကစား လိုက်နှင့် ငြိမ်ဝပ်ချိန်ကိုရှောင်သည်။ "သားဗိုက်ဆာတယ် ... သားရေဆာတယ် ... သား ရှူးပေါက်မယ် ... သားကိုဖက်ထားပေးပါ" စသည်ဖြင့် အကြောင်းပြသည်။
ငြိမ်ဝပ်စွာနေခြင်း၏အကျိုးကျေးဇူးကို ကျွန်မနားလည်သောကြောင့် စေဗီယာအား ကျွန်မနံဘေး၌ လဲလျောင်းကာ သူ့ကို ထွေးဖက်လျက် ငြိမ်ငြိမ် နေစေပြီး အိပ်ပျော်သွားသည်အထိ ချော့သိပ်ရသည်။
ကျွန်မ၏ဝိညာဉ်ရေးရာအသက်တာ အစောပိုင်းကာလကို ကျွန်မသားလေး ၏အမြဲတက်ကြွစွာနေလိုသည့် အနေအထားနှင့် ထင်ဟပ်ကြည့်မိသည်။ ဆူညံသံ က မိမိ၏အားနည်းချက်နှင့်အခက်အခဲများအပေါ် စိုးရိမ်မှုမှ အာရုံလွဲစေသလို အလုပ်များခြင်းက အသိအမှတ်ပြုခံရသည်၊ အရေးပါသည်၊ ထိန်းချုပ်မှုရှိသည်ဟု ကျွန်မအား ခံစားစေမိပါသည်။…
မီးအိမ်ကို ဖွင့်လိုက်ပါ
ကျွန်မတို့ဇနီးမောင်နှံသည် နိုင်ငံခြားသို့ပြောင်းရွှေ့နေထိုင်ရန်ပြင်ဆင်ရင်း အရွယ်ရောက်ပြီးသောသားများနှင့် အဆက်အသွယ်အမြဲရှိရေးကို သေချာအောင် လုပ်ချင်ခဲ့သည်။ သို့နှင့် ထူးခြားသောလက်ဆောင်အဖြစ် ကြိုးမဲ့ အင်တာနက်ဖြင့် ချိတ်ဆက်ထားသော အဝေးမှအဖွင့်အပိတ်လုပ်နိုင်သော ခင်မင်မှုမီးအိမ်ကို တွေ့ခဲ့သည်။ သားတို့အား ထိုမီးအိမ်ကိုပေးရင်း မီးအိမ်ကို ကျွန်မဖွင့်လိုက်သည်နှင့် သူတို့မီးအိမ်ပါပွင့်သွားကာ ကျွန်မ၏မေတ္တာနှင့် အစဉ်ဆုတောင်းပေးမှုကို သတိရစေရန် ရည်ရွယ်ကြောင်းကို ရှင်းပြသည်။ ကျွန်မတို့ မည်မျှဝေးကွာနေပါစေ သူတို့ မီးအိမ်၏ခလုတ်တစ်ချက်သည် ကျွန်မတို့တွင်ရှိသောမီးအိမ်လေးကို လင်းစေပါသည်။ လူကိုယ်တိုင် ဆက်သွယ်မှုကို မည်သည့်အရာကမှ အစားထိုးနိုင်မည် မဟုတ်သော်လည်း မီးအိမ်လေးကို ဖွင့်လိုက်တိုင်း မိမိကိုချစ်သူ၊ ဆုတောင်းပေးနေသူရှိကြောင်းကို သိရခြင်းက အားတက်စရာပင်ဖြစ်သည်။
ဘုရားရှင်၏သားသမီးအားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် အလင်းကိုဝေမျှနိုင်သောအခွင့်အရေး ရရှိကြသည်။ ကျွန်မတို့သည် ဘုရားရှင်၏ ထာဝရမျှော်လင့်ခြင်းနှင့် အကြွင်းမဲ့မေတ္တာတော်ကို ထွန်းလင်းပြသော မီးပြတိုက်ပမာ အသက်ရှင်ရန် ဖန်ဆင်းခြင်းခံကြရသည်။ ဧဝံဂလိတရားကိုဝေမျှလျက် ယေရှုနာမအားဖြင့် အခြားသူများကို အစေခံသောအခါ ကျွန်မတို့သည် တောက်ပလင်းလက်နေသောမီးမောင်း၊ အသက်ရှင်သောပုံသက်သေ…
ပုံသဏ္ဌာန်တူ
ကျွန်မတို့အပြင်ထွက်လည်စဉ် ငယ်စဉ်ကပင် ကျွန်မခင်ပွန်း၏မိသားစုဝင်များကိုသိသော အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ သူမသည် အယ်လင်နှင့် သားလေး ဇေဗီယာကို အပြန်အလှန် သေချာစွာစိုက်ကြည့်ပြီး “သူ့အဖေနဲ့ တစ်ထေရာတည်း၊ ပုံသဏ္ဌာန်တူတယ်”ဟု မှတ်ချက်ပေးသည်။ “သူ့မျက်လုံး၊ သူ့အပြုံးက သူ့အဖေနဲ့ တစ်ပုံတည်းပဲ”ဟု ပြောသည်။ အဖေနှင့်သား တစ်ယောက်နှင့်တစ်ယောက် အလွန်တူရုံမက အကျင့်ကအစ တူနေသည်ကို သတိပြုမိသဖြင့် သူသဘောကျ နေသည်။ သားအဖနှစ်ဉီးက နေရာတော်တော်များများတွင် တူညီသည့်တိုင် သားသည် သူ့အဖေနှင့် လုံးဝဥဿုံတော့ မတူညီပါ။
တစ်ပါးတည်းသောသားတော် သခင်ယေရှုသည် ခမည်းတော်နှင့် လုံးဝဥဿုံ ပုံသဏ္ဌာန်တူပါသည်။ သားတော်ခရစ်တော်သည် “မျက်မြင်မရသော ဘုရား၏ သဏ္ဌာန်တော်ဖြစ်ပြီး ဝေနေယျသတ္တဝါအပေါင်းတို့တွင်လည်း သားဦး ဖြစ်တော်မူ၏”(ကော ၁:၁၅)။ “ထိုသခင်အားဖြင့်လည်းကောင်း၊ ထိုသခင်အဖို့ အလိုငှာ လည်းကောင်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏” (:၁၆)။ “သားတော်သည်လည်း ခပ်သိမ်းသောအရာမဖြစ်မီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ…
ချိုးနှိမ်၍မရသော ယုံကြည်ခြင်း
သူတို့၏သားဦး၌ အော်တစ်ဇင်(အထီးကျန်စိတ်ဝေဒနာ) လက္ခဏာရှိကြောင်း ဆရာဝန်များစစ်ဆေးတွေ့ရှိပြီးနောက် ဒါယန်းဒိုကိုကင်နှင့် ခင်ပွန်းတို့သည် ဉာဏ်ရည်မသန်စွမ်းကလေးကို တစ်သက်လုံးစောင့်ရှောက်ရမည့်အရေးအတွက် ဝမ်းနည်းခဲ့သည်။ ချစ်သားလေး၏အနာဂတ်အတွက် သူတို့၏အိပ်မက်၊ မျှော်လင့်ချက်များကို ပြောင်းလျက် ရုန်းကန်ခဲ့ရမှုကို Unbroken Faith စာအုပ်၌ သူဝန်ခံထားသည်။ သို့သော် နာကျင်မှုဖြစ်စဉ်တစ်လျှောက်လုံး ဘုရားသခင်သည် သူတို့၏ဒေါသ၊ သံသယနှင့်ကြောက်ရွံ့မှုများကို ဖြေရှင်းပေးခဲ့ကြောင်း သူတို့ သင်ယူခဲ့ရသည်။ ယခု သားလေးအရွယ်ရောက်လာချိန်၌ သူ့အတွေ့အကြုံ များကို အသုံးချကာ အထူးဂရုစိုက်မှုလိုသောကလေးများ၏ မိဘများကို ဒါယန်း အားပေးမစသည်။ ဘုရား၏မပျက်ကွက်သည့်ကတိတော်၊ အကန့်သတ်မဲ့ တန်ခိုးတော်၊ မေတ္တာနှင့်သစ္စာတော် တို့ကို ပြောပြလျက် ဘဝလမ်းတစ်ကွေ့ကွေ့၌ အိပ်မက်နှင့်မျှော်လင့်ချက်တို့ ပျောက်ဆုံးသွားပါက ဝမ်းနည်းကြေကွဲမှုကိုခံစားရရန် ဘုရားရှင် အခွင့်ပေးကြောင်း သူအခိုင်အမာ ပြောပြ၏။
ဟေရှာယ ၂၆ ၌ “ထာဝရဘုရားသည် နိစ္စထာဝရခိုလှုံရာဖြစ်တော်မူ”၍ (:၄) ဘုရား၏လူများအဖို့ ကိုယ်တော်ကို အစဉ်ကိုးစားနိုင်ကြောင်း ပရောဖက်ကြီး ပြောထားသည်။…
ဝတ်ပြုကိုးကွယ်ခြင်းဘဝပုံစံ
ခရစ်ယာန်အစည်းအဝေးတစ်ခုတွင် မနက်စာ ဘူဖေးစားရန် တန်းစီစောင့်နေစဉ် အမျိုးသမီးတစ်စု ထမင်းစားခန်းထဲသို့ဝင်လာသည်။ ကျွန်မနောက်မှာ တန်းစီသည့်အမျိုးသမီးကို ကျွန်မပြုံးပြလိုက်ပြီး မင်္ဂလာပါဟု နှုတ်ဆက်လိုက်ရာ သူမက “ကျွန်မရှင့်ကိုသိတယ်” ဟုပြန်ပြောပါသည်။ ကြက်ဥမွေကြော်ကိုခပ်ထည့်ရင်း ဘယ်မှာဆုံခဲ့ပါလိမ့်ဟု ကြိုးစား၍အဖြေရှာမိသည်။ သို့သော် ကျွန်မစိတ်၌ တစ်ယောက်ယောက်နှင့် အမှတ်မှားခြင်းဖြစ်မည်ဟု သေချာနေခဲ့သည်။
နေ့လည်စာစားချိန်တွင်လည်း ထိုအမျိုးသမီး ကျွန်မထံချဉ်းကပ်လာပြီး “ရှင် ကားအဖြူမောင်းတယ်မဟုတ်လား” ဟုမေးပါသည်။ ကျွန်မလည်း ပုခုံးတွန့်ပြပြီး “မောင်းခဲ့ဖူးတယ်။ ကြာပါပြီ” ဟု ပြန်ဖြေလိုက်သည်။
သူမက ရီလိုက်ပြီး “မူလတန်းကျောင်းနားကမီးပွိုင့်မှာ တို့တွေ မနက်တိုင်းနီးပါး ပွိုင့်မိဖူးတယ်လေ။ ရှင်က လက်တွေမြောက်ပြီး ပျော်ရွှင်စွာနဲ့ သီချင်းအမြဲဆိုတော့ ဘုရားကို ချီးမွမ်းကိုးကွယ်နေတာလို့ ကျွန်မတွေးခဲ့တယ်။ ကျွန်မမှာ ရှင်နဲ့အတူ သီချင်းဆိုချင်တဲ့စိတ် ဖြစ်ခဲ့တယ်။ ခက်ခဲတဲ့နေ့တွေမှာတောင်ပေါ့” ဟု ပြောပြသည်။ ဘုရားရှင်ကို ချီးမွမ်းလျက် အတူဆုတောင်းပြီး ကျွန်မတို့တစ်ဦးနှင့် တစ်ဦး ပွေ့ဖက်မိသည်။…
လင်းလက်တောက်ပမှုမလို၊ ဘုန်းတော်သာလို
ကျွန်မ၏သား နှစ်များစွာပြုလုပ်ခဲ့သော ခရစ္စမတ်အဆင်တန်ဆာလက်မှုများနှင့် နှစ်စဉ်သူ့အဖွားပေးပို့သော မလိုက်ဖက်သည့် အဆင်တန်ဆာမျိုးစုံကိုကြည့်ပြီး အဘယ်ကြောင့် ကျွန်မကျေနပ်မှုမရှိပါလိမ့်ဟု စဉ်းစားမရပါ။ လက်မှုတစ်ခု ချင်းစီ၏ပုံဆောင်ချက်နှင့် ဖန်တီးမှုအမှတ်တရများကို ကျွန်မအမြဲ တန်ဖိုးထားခဲ့သည်။ သို့သော် စျေးဆိုင်များ၌ ခင်းကျင်းပြသထားမှုများက လိုက်ဖက်လှပသောမီးလုံးများ၊ တလက်လက်နှင့်တောက်ပသောဘောလုံးလေးများ၊ ပြောင်လက်သောဖဲပြားများဖြင့် ဆင်ယင်ထားသော ခရစ္စမတ်သစ်ပင်ကို ဆင်ရန် ကျွန်မကို အဘယ့်ကြောင့် ဆွဲဆောင်နေသနည်း။
ကျွန်မတို့၏အညတရအပြင်အဆင်မှ မျက်နှာလွှဲလိုက်စဉ် အနီရောင် အသဲနှလုံးပုံပေါ် ရိုက်နှိပ်ထားသော “ယေရှု - ကျွန်ုပ်၏ကယ်တင်ရှင်” ဟူသော ရိုးရှင်းသောစာကြောင်းကို ဖြတ်ခနဲမြင်လိုက်သည်။ ကျွန်မနှင့် ကျွန်မမိသားစုတို့၏ ခရစ်တော်၌ရှိသောမျှော်လင့်ခြင်းသည် ခရစ္စမတ်ကို နှစ်ခြိုက်စွာကျင်းပရသည့် အကြောင်းရင်းဖြစ်ကြောင်း ကျွန်မအဘယ့်ကြောင့် မေ့သွားပါလိမ့်။ ကျွန်မတို့၏ အပင်ရိုးရိုးလေးက ဆိုင်မှသစ်ပင်နှင့်မယှဥ်သာသော်လည်း အပြင်အဆင် တစ်ခုစီ၌ရှိသော ချစ်ခြင်းမေတ္တာသည်သာ အလှတရားကို ဖြစ်စေပါသည်။
ကျွန်ုပ်တို့၏မထယ်ဝါသောသစ်ပင်ကဲ့သို့ မေရှိယသည် လောကမှ မျှော်လင့်ထားသောအချက်များနှင့်တစ်ခုမျှ မကိုက်ညီပါ (ဟေရှာ ၅၃:၂)။…
တစ်သင်းတစ်ဖွဲ့တည်း
ဖီလာဒဲဖီးယားလင်းယုန် လက်ပစ်ဘောအဖွဲ့၏တိုက်စစ်မှူး ကာဆင်ဝက်ဇ် သည် ဒဏ်ရာအပြင်းအထန်ရပြီး ကုသမှုခံယူပြီးနောက် ကွင်းထဲသို့ပြန်လာချိန်တွင် အရန်တိုက်စစ်မှူး နစ်ဖိုးစ် က အသာတကြည် အရန်ခုံတန်းလျား၌ ထိုင်ခဲ့သည်။ တူညီသည့်ရာထူးနေရာအတွက် ပြိုင်ဆိုင်နေရသော်လည်း သူတို့သည် တစ်ဉီးကိုတစ်ဉီး ထောက်ပံ့ရန် ရွေးချယ်ခဲ့ပြီး မိမိကျရာကဏ္ဍတွင် ယုံကြည်ချက်အပြည့်ရှိခဲ့သည်။ “ဤအားကစားသမားနှစ်ဉီးသည် ခရစ်တော်၌ယံုကြည်ခြင်းတွင် အခြေတည်သည့် ထူးခြားသောပတ်သက်ဆက်နွယ်မှုရှိပြီး ၎င်းကို တစ်ဉီးနှင့်တစ်ဉီး အပြန်အလှန် ဆုတောင်းပေးခြင်းဖြင့် ပြသနေသည်” ဟု သတင်းသမားတစ်ဉီးက ပြောကြား ခဲ့သည်။ သူတို့သည် လင်းယုန်အဖွဲ့၏တိုက်စစ်မှူးများဖြစ်ယုံမက သခင်ယေရှုကို ကိုယ်စားပြုနေသည့် ယံုကြည်သူများဖြစ်ပြီး အသင်းတစ်သင်းတည်း၏ အသင်းသားများဖြစ်သည်ကို သတိရလျက် ဘုရားဘုန်းထင်ရှားစေခဲ့သည်။
တမန်တော်ရှင်ပေါလုက ယံုကြည်သူတို့အား သခင်ယေရှု ပြန်ကြွလာခြင်းကိုစောင့်နေသော “အလင်း၏သားများ”ကဲ့သို့ အသက်ရှင်ရန် သတိပေးထားသည် (၁ သက် ၅:၅-၆)။ ခရစ်တော်ပေးသော ကယ်တင်ခြင်း၌ ကျွန်ုပ်တို့၏မျှော်လင့်ခြင်း အတွက် စိတ်ချမှုရှိပြီးဖြစ်၍ သဝန်တိုမှု၊ မလုံမလဲဖြစ်မှု၊…
အကောင်းဆုံးအရာကို ဆက်ကပ်ပါ
အိမ်ယာမဲ့များ နေထိုင်သည့်ဂေဟာ၌ လာလှူထားသော ဖိနပ်ပုံကြီး ကြည့်မိသည်။ တာဝန်ခံက စီးပြီးသားဖိနပ်ပုံမှဖိနပ်များကို ကူညီရွေးပေးရန် ကျွန်ုပ်တို့ လူငယ်အဖွဲ့ ကို ဖိတ်ခေါ်ခဲ့သည်။ ကျွန်ုပ်တို့သည် ဘက်ညီသောဖိနပ်များကို ရွေးချယ်ပြီး ကြမ်းပြင်ပေါ်၌ အတန်းလိုက်စီထားလိုက်သည်။ ထိုနေ့တစ်မနက်လုံး အချိန် ကုန်ခဲ့သည်။ ကျန်ဖိနပ်တစ်ဝက်ကျော်သည် ဆိုးဆိုးဝါးဝါးပျက်စီးသဖြင့် ပစ်လိုက်ရသည်။ ဂေဟာအနေနှင့် စုတ်ပြတ်နေသောဖိနပ်များကို မလှူဒါန်းရန် မပြောနိုင်သော်လည်း မကောင်းသောဖိနပ်များကို အခြားသူများအား မပေးလိုပါ။
ဣသရေလလူမျိုးတို့သည်လည်း သူတို့၌ရှိသောချို့တဲ့သောအရာများကို ထာဝရဘုရားအား ဆက်ကပ်ခဲ့ကြသည်။ သူတို့၌ သန်မာသောတိရိစ္ဆာန်များ ရှိသော်လည်း မျက်စိကန်းသော၊ ခြေဆွံ့သော၊ နာသောတိရိစ္ဆာန်များကိုသာ ယဇ်ပူဇော်ခြင်းကြောင့် ထာဝရဘုရားသခင်သည် ပရောဖက်မာလခိမှတဆင့် ဣသရေလတို့အား ပြစ်တင်ဆုံးမသည်(မာလ ၁:၆-၈)။ သူမနှစ်သက်၊ လက်မခံကြောင်းသိစေသည် (:၁၀)။ အကောင်းဆုံးအရာများကို သူတို့အတွက် သိမ်းထားခြင်းကို ပြင်းထန်စွာပြစ်တင်ပြီး သူ၏ကြီးမြတ်ထိုက်တန်မှုကို အခိုင်အမာဆိုခဲ့သည် (:၁၄)။ သို့သော် ဘုရားသခင်သည် ကယ်တင်ရှင် မေရှိယကို…
မကျော်ဖြတ်နိုင်သော အတားအဆီးမရှိ
သက်လတ်ပိုင်းအဖွဲ့၏ခေါင်းဆောင်အနေဖြင့် ကျောင်းသားများ အခက်အခဲကို ကျော်ပြီး သွားရမည့် လုံခြုံရေးဂီယာခါးပတ်များ ပတ်၍ ၈ ပေမြင့် နံရံကို တက်ပြီး ကျော်လွှားရမည့် အစီအစဥ်ကို ကျွန်မစီစဉ်ခဲ့သည်။ ဆိုင်းကြိုး၏ခိုင်ခံ့မှုကိုစိတ်ချရန်၊ အောက်သို့မကြည့်ဘဲ ရှေ့ဆက်တက်ရန် ရှေ့မှသွားပြီးသူများက နောက်မှ လိုက်လာ သူများကို အားပေးကြသည်။ သိုင်းကြိုး၊ ခါးပတ်များ ဝတ်ဆင်ပေးချိန်တွင် ကျောင်းသူတစ်ယောက်က အတားအဆီးများကို ကြည့်ပြီး “ဒါကို ကျွန်မ လုံးဝ ကျော်လွှားနိုင်မှာ မဟုတ်ဘူး” ဟု ဆိုရှာသည်။ သိုင်းကြိုးများက ခိုင်ခံ့ပါကြောင်း သူ့ကိုအားပေးပြီး နံရံကို တွယ်တက်စဉ်တစ်လျှောက်လုံးနှင့် နောက်ဆုံး အပေါ်သို့ ရောက်သွားသည်အထိ သူ့ကို အားပေး မစခဲ့ရသည်။
မအောင်နိုင်၊ မရင်ဆိုင်နိုင်ပုံပေါ်နေသည့် ပြဿနာကိုရင်ဆိုင်ရစဉ် ကြောက်ရွံ့စိုးရိမ်မှု၊ စိတ်မလုံခြုံမှုခံစားချက်များကြောင့် သံသယစိတ်ဝင်လာနိုင်ရာ၊ ဘုရားသခင်၏မပြောင်းလဲသောတန်ခိုး၊ ကောင်းမြတ်ခြင်းနှင့်သစ္စာတော်အပေါ် စိတ်ချမှုက ခိုင်မာသော ကိုးစားရာသိုင်းကြိုးဖြစ်သည်။ ဤစိတ်ချမှုက ဓမ္မဟောင်း ခေတ်မှ…
‘လာပလာယာ’ကမ်းခြေမှ ဆုတောင်းများ
ကျွန်မတို့၏ ၂၅ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်အဖြစ် လာပလာယာ ကမ်းခြေသို့ ခရီးထွက်ခဲ့ရာ ကမ်းခြေ၌ ကျွန်မတို့ဇနီးမောင်နှံ ကျမ်းစာဖတ်နေခိုက် ဈေးသည် များက ပစ္စည်းဈေးနှုန်းများကို အော်လျက် ဖြတ်သွားကြသည်။ ၎င်းတို့ အယောက်စီတိုင်းကို ကျေးဇူးတင်သော်လည်း၊ ကျွန်မတို့ဘာမျှမဝယ်ခဲ့ကြပါ။ ဖာနန်ဒိုဆိုသော ဈေးသည်က ပြုံးလျက်၊ မိတ်ဆွေများအတွက် လက်ဆောင်ဝယ်သွားရန် တိုက်တွန်း သည်။ ကျွန်မ မဝယ်သဖြင့် သူ့ပစ္စည်းများထုပ်ပိုးပြီးပြုံးလျက် ထွက်သွားစဥ် “မင်းရဲ့တစ်နေ့တာကို ဘုရားသခင် ကောင်းချီးပေးပါစေ”ဟု သူ့ကို ပြောလိုက်သည်။
ဖာနန်ဒိုသည် လှည့်ပြန်လာပြီး “ကိုယ်တော်ကောင်းချီးပေးပါတယ်။ ယေရှုက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့တယ်”ဟုဆိုကာ ကျွန်မတို့၏ ခုံနှစ်ခုံကြားတွင် ဒူးထောက်လျက် “ဒီနေရာမှာ ကိုယ်တော်ရှိတယ်လို့ ကျွန်တော် ခံစားမိတယ်” ဟု ပြောသည်။ ထို့နောက် ဘုရားသခင်သည် လွန်ခဲ့သည့် ၁၄ နှစ် ကျော်က သူ့အား မူးယစ်ဆေးဝါးနှင့် အရက်ကျေးကျွန်ဘဝမှ ကယ်တင်ခဲ့ပုံကို…